Open Notes

June 2010

မြန်မာအင်ဂျင်နီယာ နည်းပညာများအဖွဲ့စည်းမှ....,

အင်း ၂၀၀၅ ခုနှစ်လောက် ကပေါ. မြန်မာပြည် မှာနေရင်း စင်ကာပူမှာ သွားအလုပ်လုပ်ချင်တော. စင်ကာပူ က အလည်ပြန်လာတဲ.ကိုကို၊မမ တွေရဲ. စကားတွေ နားစွင်.ရတာပေါ.။ သူတို.တွေရဲ. အပြောအရ စင်ကာပူမှာလောလောဆယ် Draft man (Auto CAD)အလုပ်ဟာ ရှာရလွယ်တယ် ပေါ.နော်.။ ဒါကြောင်. ကိုယ်လဲ မြန်မာပြည် မှာ Auto CAD ကိုဇောက်ချ လေ.ကျင်.လိုက်ပါတော.တယ်။ သင်တန်း တွေ တက်တယ်ပေါ.နော်။ ဒါနဲ. လာမယ် လာမယ် နဲ. လုပ် တာ စိတ်က ပါပေမယ်. ငွေက မလိုက်နိုင်တော. ငွေစုရင်း ၂၀၀၈ ခုနှစ် နှစ်လယ်ထိရောက်သွား တာပေါ.။
စလုံး ကို လာဖို.လဲ အားလုံးသေသေချာချာ ပြင်ဆင်ရတယ်နော်။ မြန်မာပြည် ကတည်း က သူငယ်ချင်း ကို နေစရာ တနေရာ ရဖို. ၁ လလောက်ကြိုပြောရတယ်။ အဲ.လိုမှ မဟုတ်ရင် ရောက်လာလို. နေရာစရာ မရ လို. တည်းခိုခန်း တွေ ၊ သူများ အိမ်ဧည်.ခန်းတွေ ကပ်ပြီး အိပ်ရတာ တွေ ဖြစ်မယ် လို. သူငယ်ချင်းကပြောပြထားတယ်လေ။
စလုံးကိုလေယာဉ်ဆိုက်တဲ. အချိန် က သူငယ်ချင်း ရဲ. အလုပ်ချိန်ဖြစ်နေလို. လိပ်စာ ကို Taxi ဆရာ ပြပြီး နေရမဲ. အိမ်ကို ကိုယ်ထူကိုယ်ထ ချီတက်လာရတယ်လေ။ စလုံးက တရုတ်တွေ က တော်တော် ကိုသဘောကောင်းတယ် ခင်ဗျ ရွဲ.ပြောတာ၊ Taxi ဆရာ ကလဲ တိုက်ခန်း (Block)အောက်မှာ ထိုးရပ်ပေးတယ်လေ။ ဒီတော. ပိုက်ဆံရှင်းပြီး ကိုယ်.အထုပ်အပိုးတွေ ကို ကားနောက်ဖုံးကနေ ဆွဲချရတယ်ပေါ.။ ဒါကို ကူညီမယ် မရှိပဲ အဲ.နေ.က မိုးရွာ နေတော. သူကားနောက်ဖုံး ရေစိုမှာ ဆိုးလို. "အမြန်လုပ် ကားနောက်ဖုံး ရေစိုကုန်တော.မယ်" လို.တောင် မာန်လိုက်ပါသေးတယ်။ ဒါကတခု။ နောက်တခု က အခန်း က အပေါ်ထပ်မှာ ဆိုတော. တက်ရတာပေါ. ဓါတ်လှေကားနဲ.။ တိုက် က ဓါတ်လှေကား ၂ စင်း ရှိတော. မဟုတ်တဲ. ဘက်ကို မှားတက်သွားမိတော. လုံးဝ ကိုလမ်းပျောက်တော.တာပေါ.။ တိုက်နံပါတ်ကလဲ တူနေတယ် ဘာလို.ရှာမတွေတာတုန်းဆိုတော. တိုက်ခန်း တခုက ထွက်လာတဲ. တရုတ်မ ကြီးကို မေးတယ် တိုက်ခန်း နံပါတ် xx-xx က ဘယ်မှာ တုန်း ဆိုတော. "Don't Know" ဆိုပြီး အခန်းတံခါး ကိုဆောင်.ပိတ်ပြီး သူ.အိမ်ထဲ သူဝင်သွားတယ်လေ။ ကောင်းကောင်းမွန်မွန် မသိဘူးလို.ပြောရင် သေမယ်ထင်မယ်နော်။ ပုံစံ က သူအိမ်ရှေ.ထွက် လေညင်းခံ နေတာ ကို နှောက်ယှက်ခံရတဲ. မျက်နှာပေါက်နဲ.။ သြော် နောက်ဆုံးမှ အောက်ဆင်း ပြီး နောက် ဓါတ်လှေခါးနဲ. တက်မှ စလုံးက ကိုယ်.ရဲ. Home Sweet Home လေးကိုရောက်ပါတော.တယ်။ သူငယ်ချင်း က အိမ်သော.ကို အိမ်ရှေ.က ရူးဖိနပ် ထဲ ထည်.ထားတယ် နိုက်လိုက်လို.မှာထားလို. နိုက်ပြီး အိမ်ထဲ ရောက်ပါတော.တယ်။ ဟူး မောလိုက်တာ။

အမေသို့ တမ်းချင်း

တိတ်ဆိတ်ချင်း၏ အရသာနှင့်
အိပ်စက်ရာ နေရာလေးမှ
နိုးထလိုက်သည်ကစလို့
ဪ...,
အမေ့ရင်ခွင် ဗလာအပူပင်မှာ
ကျွန်တော်ခိုနားခွင့် ထပ်ရချင်စိတ်ဖြင့်
အမေ့ရင်ခွင်ကိုလွမ်းမိတယ်..။

မိုးလေးတဖွဲဖွဲ
မှောင်မှောင်မဲမဲ ကောင်းကင်အောက်မှာ
အလွမ်းသီချင်း သီကျူးရင်း
ဪ...,
အမေတစ်ယောက် အိမ်မိုးအောက်မှာ
အထီးကျန်နေပြီလား
အမေတစ်ယောက် အိမ်မိုးအောက်မှာ
နွေးထွေးစွာရှိနေရဲ့လား
တမ်းတမိပြန်..။

တန်ဘိုးကြီးလှ စားပွဲလှလှ
စားသောက်ဖွယ်ရာ စုံလင်စွာဖြင့်
အဖော်စုံလင် ပျော်ရွှင်ချိန်လည်း
ဪ...,
အမေသာဆိုရင်
ပါးလေးမြုံ့မြုံ့ ပါးခုံးလေးလှုပ်လှုပ်နှင့်
ဘယ်လောက်များကြည်နူးနေလိုက်မလဲ
သတိရမိပြန်ရော။

သူအိုသူငှာ ၊ အဖော်မဲ့စွာ
လူတကာငြူဆူ ၊ အကူညီကင်းမဲ့
မြင်တွေ့သော်ငြား
ကျွန်တော်အဖို့ လျှစ်လျူမရှူနိုင်
တတ်အားသမျှ ကူညီမိ၏
ဪ...,
အမေအကူညီ အခက်ခဲများရှိခဲ့လျှင်
"ကူညီဖေးမမဲ့သူ ရှိနိုင်ပါစေ"
ဂရုဏာစိတ်ဖြင့် လွမ်းမိပြန်တယ်။

ဘယ်အရာတွေ
ဘယ်လိုပြောင်းပြောင်း
ဘယ်လိုဟောင်းဟောင်း
အမေများ၏မေတ္တာကတော့
တွေးမိတိုင်း အသစ်တိုင်း လတ်ဆပ်ဆဲပါ။


အမေရေ..,
အမေနေကောင်းပါစေ။

ချစ်တဲ့
သား

ကျွန်တော့ ဘဝရသ

အမေရေ....
သုညဆိုတာတန်ဘိုးရှိလား?
အဲဒီသုညဆိုတဲ့ ဝလုံးလေးထဲမှာ
ဒုက္ခတွေနဲ့လူးလှိမ့်ခဲ့ရတဲ့နေ့တွေ
အော်လို့လည်းကြားမယ့်သူမရှိ
ခေါ်လို့လည်းလာမယ့်သူမရှိပေမယ့်
ပရိတ်သတ်တွေအတွက်တော့
ဟာသရုပ်လေးနှစ်ရုပ်လိုဘဲနော်။

ဘဝရဲ့ခါးသီးလှတဲ့ သင်ခန်းစာတွေ
မြေကြီးထဲထိစိမ့်ဝင်သွားတဲ့ချွေးတွေ
ကျွန်တော်စတေးခဲ့တဲ့ ဒဏ်ရာတွေ
ကျွန်တော့ရဲ့ မခံချင်စိတ်တွေ
ခုအချိန်မှာတော့ သကာရည်လိုပါဘဲ။

အမေမပါတဲ့ ပေတရာလမ်းမှာ
ပေပေတေတေ အသေအကြေကြိုးစားလို့
သားတို့ဒုက္ခ သုညဘဝပင်လယ်မှ
သားရုန်းထွက်နိုင်ခဲ့ပြီ အမေ။

အမေရေ....
သုညဆိုတာနောက်ဆုံးမဟုတ်ပါဘူး
ရှေ့ ဆုံးနဲ့နီးနေတာပါ။


နက်နက်ရှိုင်းရှိုင်းမြင်ကြည့်ပါ..., အဲဒါကျွန်တော့ ဘဝရသ!

လေးစားစွာဖြင့်
ပိုင်စိုး

MKRdezign

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget